Today is Cyber Security Era.
If you wish to study Cyber Security, Web Security, Ethical Hacking, Peneterating Testing, you can join with AiO, All in One Hacking Training. AiO is Online Training Class in Myanmar and teaches All subjects in One Place. You can study every time you can use internet from everywhere. Contact Phone Number: 09 799 535 021 and 09 69 806 4912
Welcome to our Hacking Training Online Class
If you wish to study Cyber Security, Web Security, Ethical Hacking, Peneterating Testing, you can join with AiO, All in One Hacking Training. AiO is Online Training Class in Myanmar and teaches All subjects in One Place. You can study every time you can use internet from everywhere. Contact Phone Number: 09 799 535 021 and 09 69 806 4912
Cyber Security is needed for everywhere nowadays.
If you wish to study Cyber Security, Web Security, Ethical Hacking, Peneterating Testing, you can join with AiO, All in One Hacking Training. AiO is Online Training Class in Myanmar and teaches All subjects in One Place. You can study every time you can use internet from everywhere. Contact Phone Number: 09 799 535 021 and 09 69 806 4912
Thanks For Visiting Here.
If you wish to study Cyber Security, Web Security, Ethical Hacking, Peneterating Testing, you can join with AiO, All in One Hacking Training. AiO is Online Training Class in Myanmar and teaches All subjects in One Place. You can study every time you can use internet from everywhere. Contact Phone Number: 09 799 535 021 and 09 69 806 4912
You can hear the news about hacking and cyber crimes.
If you wish to study Cyber Security, Web Security, Ethical Hacking, Peneterating Testing, you can join with AiO, All in One Hacking Training. AiO is Online Training Class in Myanmar and teaches All subjects in One Place. You can study every time you can use internet from everywhere. Contact Phone Number: 09 799 535 021 and 09 69 806 4912
Sunday, August 19, 2018
MIROR hacking ဆိုတာ ဘာလဲ၊ Mirror ဘယ်လိုလုပ်ရမလဲ၊ ဘာကြောင့်လိုအပ်လဲ။
 MIROR hacking
 MIROR hacking
MIROR hacking နဲ့ ပတ်သက်ပြီး သိသင့်တာလေးတွေကို ပြန်မျှဝေပေးခြင်းပါ။ 
Zawgyi2009 ကို သုံးထားတဲ့အတွက် Font နေရာတွေမှာတော့ မိတ်ဆွေတို့ရဲ့ Zawgyi 2008 version နဲ့ နည်းနည်း လွဲနေနိုင်ပါတယ်။ အနည်းငယ်ဖြည့်ဖတ်ပေးကြပါခင်ဗျာ .....
****************
Ref: techills.net
Unicode Version
(စာအမှန် မမြင်ရပါက အောက်တွင် Zawgyi Version ရှိပါသည်။ ဆင်းဖတ်နိုင်ပါသည်ခင်ဗျ....)
လာပြီဗျာ။ ပထမဆုံး မေးချင်တာက Mirror Hacking ဆိုတာ ဘာလဲဆိုတာပဲ ဖြစ်ပါလိမ့်မယ်။ 
Hacking ကို ခုမှ စတင် လေ့လာနေသူတွေအတွက်တော့ Mirror Hacking ဆိုတာ ဘာလဲဆိုတာကို သိမယ်မထင်သေးပါဘူး။ သိပြီးသူတွေကိုတော့ မဆိုလိုဘူးပေါ့ခင်ဗျာ။ 
ပထမဆုံး အနေနဲ့ Mirror နဲ့ပတ်သက်ပြီး ပြောရရင် ကျွန်တော်ထင်တယ် လူတိုင်းနီးပါး mirror ကို ရင်းနှီးကြမယ်ဆိုတာ။ 🙂 ကျွန်တော်တို့ နေ့စဉ်ဆိုသလိုပဲ မှန် ဆိုတဲ့ Mirror ကို ကြည့်လေ့ရှိကြပါတယ်။ ကျွန်တော်ချောလားပေါ့။ 😃😃😃😃😄😄😅😅  ဒါကြောင့် ကျွန်တော်ပြောတာလေ။ Mirror ဆိုတာ လူတိုင်းနီးပါးနဲ့ မကင်းကြပါဘူးလို့။ အထူးသဖြင့် မိန်းကလေးတွေဆို ပိုကြည့်မယ်ထင်တယ်ဗျ နော။
ဒီမှာ တစ်ခု မေးစရာဖြစ်လာမှာက ကျွန်တော်တို့ နေ့စဉ် မှန်ကြည့်နေကြတာပဲ။ မှန် (Mirror) က ဘာများ ထူးဆန်းလို့ Hacking မှာသုံးမှာလဲပေါ့။ 😃😃😃😃😄😄😅😅 တူတော့ ဘယ်တူပါ့မလဲဗျနော။
  ဥပမာလေး တစ်ခုကို ကျွန်တော်နဲ့အတူ ဖတ်ကြည့်ကြပါစို့။
ဒီစာကို ဖတ်နေတဲ့ မိတ်ဆွေမှာ ရန်သူ တစ်ယောက် ရှိတယ် ဆိုပါစို့။ အဲသည် ရန်သူကို သုတ်သင်ဖို့အတွက် မိတ်ဆွေက ကျွန်တော့်ကို ငှားထားပြီဆိုပါစို့ဗျာ။ (ကျွန်တော်က တကယ့် ကြေးစားလူသတ်သမားနဲ့တော့ တူလောက်ပါတယ်နော😃😃😃😃😄😄😅😅 ဆက်ရအောင်။ ကျွန်တော်က မိတ်ဆွေငှားထားတဲ့ တာဝန် ကြေစေဖို့အတွက် မိတ်ဆွေရဲ့ ရန်သူကို မိုးကြိုးသိုင်းနဲ့ သုတ်သင်ပစ်လိုက်တယ်ဆိုပါစို့။ 
ဒါပေမယ့် မိတ်ဆွေရဲ့ ရန်သူက ကံကောင်းသွားတယ်ဗျ။ သေပြီထင်ပြီးထားခဲ့တာ မသေဘဲ ဆေးရုံရောက်သွားပြီး ပြန်ရှင်သွားတယ်။ အဲသည်မှာ မိတ်ဆွေနဲ့ကျွန်တော် ပြသနာ စ တက်ပြီ။ 
ကျွန်တော်ကလည်း ကြေးစားခ တောင်းမယ်၊ မိတ်ဆွေကလည်း သတ်ခဲ့တာကို ဘယ်လိုသက်သေပြမလဲ မေးမယ်။ ဟိုက မသေဘူးလေ။ ကျွန်တော်က မသတ်ခဲ့ဘဲ ငွေလာတောင်းသလိုဖြစ်ပြီပေါ့။ ပြီးတော့ ဖြစ်စဉ်ကို မျက်မြင်သက်သေလည်း မရှိဘူးလေ။ ဒါဆို ကျွန်တော်သက်သေ ဘယ်လိုပြမလဲ။ ဟိုကလည်း မသေလို့ လမ်းတောင် ပြန်လျှောက်နေပြီ။ တကယ်လို့များ လက်ဆုပ်လက်ကိုင်ပြစရာ သက်သေတစ်ခုခုရှိရင်တော့ အဆင်ပြေတာပေါ့။ မဟုတ်ဘူးလား။ 
အဲသလိုပဲဗျ။ Site တစ်ခုကို ဒီလို hack ခဲ့ပါတယ်ဆိုတာကို သက်သေပြနိုင်ဖို့အတွက် သက်သေ လိုလာပါတယ်။ ဒါ Mirror Hacking ကို ဖြစ်လာစေတဲ့အချက်တစ်ခု ဆိုပါတော့။ Mirror Hacking သုံးပြီး ကျွန်တော်တို့ သက်သေပြနိုင်တယ်လို့ ဆိုတာပါ။ 
အပော်မှာ ကျွန်တော် ဆွေးနွေးခဲ့တဲ့ ဥပမာလေး ပြန်ကြည့်ရအောင်။ မိတ်ဆွေရဲ့ ရန်သူက Website ပေါ့။ ကျွန်တော်က မိတ်ဆွေအတွက် အဲသည် site ကို hack လိုက်တယ်ဆိုပါတော့။ ပြီးသွားတဲ့အခါ မိတ်ဆွေဆီ ဘာမှ ပြန်မပြောရသေးခင်မှာပဲ Site Admin က ဒါကို ရှာတွေ့ပြီး Fix လုပ်လိုက်ပြီဆိုပါတော့။ ကျွန်တော်ကတော့ အဲသည် Site ကို အမှန်တကယ် Hack ခဲ့တာပါပဲ။ မိတ်ဆွေက မြင်မှ မမြင်ရတာ။ ဒီတော့ သက်သေပြဖို့ ဘယ်လို သက်သေပြမလဲ။ ဒါကို ကျွန်တော် တကယ်လုပ်နိုင်ခဲ့တယ်ဆိုတာကို mirror sites တွေက သက်သေခံပေးသွားမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ hack ခဲ့တဲ့ အချက်အလက်တွေနဲ့ သက်သေခံတွေသည် Site Admin က ဖြေရှင်းပြီးသွားတဲ့အချိန်မှာ ရှိနေမှာမဟုတ်တော့တဲ့အတွက် ဖြစ်ပါတယ်။ ဒါကြောင့် Site တွေကို တကယ်တမ်း Hack ထားနိုင်တဲ့အခါ Mirrored လုပ်ထားနိုင်ပါတယ်။ အဲဒါကို သုံးပြီးတော့ ကျွန်တော်တို့အနေနဲ့ သက်သေပြစရာရှိသူကို သက်သေပြလို့လည်း ရသလို မှတ်တမ်းလေးတစ်ခုအဖြစ်လည်း ချန်ထားနိုင်တာပေါ့ခင်ဗျ။
Where’s you mirror? ကျွန်တော်တို့အတွက် ဘယ်မှာ Mirror လုပ်ရမှာလဲဆိုတာ မေးကောင်းမေးစရာ ထပ်ရှိနိုင်ပါတယ်။ ဒီ့အတွက် အောက်မှာ Top Mirror တွေကို ဖော်ပြပေးထားပါတယ်။
Hacker တွေက site တွေကို အဲသည်မှာ mirror လုပ်ကြတာပါ။ အဲသည် mirror site တွေထဲကမှ www.zone-h.org ကတော့ high mirror value site လို့ ဆိုနိုင်ပါတယ်။ Site တစ်ခုကို တစ်နှစ်မှာ တစ်ကြိမ်သာလျင် Mirror လုပ်နိုင်ပါတယ်။ ပိုရှင်းအောင်ပြောရရင် a.com ဆိုတဲ့ site တစ်ခုကို မိတ်ဆွေက တစ်နှစ်အတွင်း mirror လုပ်သိမ်းထားတယ်ဆိုပါတော့။ ဒါဆိုရင် အဲသည်တစ်နှစ်မပြည့်ခင်အတွင်းမှာ ကျွန်တော်က အဲသည် site ကို ထပ်ပြီး mirror လုပ်လို့မရပါဘူး။ အဲသလိုပဲ အဲသည် site ကို 12 တစ်သက်တာမှာ 12 ခါ အထိသာ mirror လုပ်နိုင်ပါတယ်။ 12 နှစ်တောင် အလွယ်တကူ ဖောက်လို့ရနေတဲ့ site ဖြစ်သွားတာမို့ နောက်ထပ် mirror လုပ်မရတော့ပါဘူး။ 
***************************
How does the mirror do? မေရာက ဘယ်လိုအလုပ်လုပ်တာလဲ။
Mirror လုပ်ဖို့အတွက်တော့ ပထမဆုံးအနေနဲ့ Mirror site တစ်ခုကို သွားဖို့ လိုပါမယ်။ ကျွန်တော်ကတော့ www.zone-h.org ကိုပဲ နမူနာ ပြပါမယ်။ ကျန်တာတွေကိုတော့ ကိုယ့်ဘာသာ ဆက်စမ်းကြည့်ပေါ့။ 
www.zone-h.org
www.zone-h.org ကို ဝင်လိုက်တယ်ဆိုရင်ပဲ
မြင်ရတဲ့ menu ထဲမှာ Notify ဆိုတာကို ရွေးချယ်ဝင်လိုက်ပါ။
@
  • Site ကို mirror လုပ်ဖို့အတွက်တော့ အပေါ်မှာပေါ်နေတဲ့ Mass ဆိုတာလေးကို နှိပ်လိုက်ဖို့ လိုပါမယ်။ 
  • ပြီးရင်တော့ Notify Box မှာေပေါ်စေချင်တာကို ရေးဖို့လိုပါမယ်။ 
  • Domain Box ထဲမှာတော့ Deface လုပ်ထားတဲ့ page ရဲ့ link ကို ထည့်နိုင်ပါတယ်။ Domain 1 - 10 ထိတောင် တစ်ပြိုင်နက်တည်း ထည့်သွင်းနိုင်တာကို တွေ့ရပါမယ်။
  • အောက်မှာတော့ SELECT လို့ ပော်နေတဲ့ Box နှစ်ခုကို တွေ့ရပါလိမ့်မယ်။ အောက်ပါပုံမှာ ကြည့်နိုင်ပါတယ်။ ပထမ box ကတော့ မိတ်ဆွေက ဘယ်နည်းလမ်းနဲ့ Hack ခဲ့တယ်ဆိုတဲ့ Method ကို ရွေးပေးရမှာ ဖြစ်ပါတယ်။ အကယ်၍ မိတ်ဆွေက Web Hacking ကို လေ့လာဆဲသာ ရှိသေးရင်တော့ အဲသည်မှာ ဘယ်နည်းလမ်းတွေဆိုတာကို တမင်သွားကြည့်ပြီး မှတ်သားထားဖို့သင့်ပါတယ်။ ဒါက မိတ်ဆွေရဲ့ လေ့လာမှုကို ပိုပြီး အထောက်အကူရစေမယ်ဆိုတာ ကျွန်တော် ပြောရဲပါတယ်။
  • အဲသည်အောက်မှာရှိတဲ့ SELECT လို့ ပော်နေတဲ့ နောက်တစ်ခုကတော့ မိတ်ဆွေအနေနဲ့ ဘယ်လိုအကြောင်းပြချက်နဲ့ Hack ခဲ့တယ်ဆိုတာကို ထည့်သွင်းနိုင်မယ့် နေရာဖြစ်ပါတယ်။  အဲသည်မှာ အပျော်သဘောလား၊ Challenge တစ်ခုအနေနဲ့လုပ်တာလား စသည်ဖြင့် ရွေးစရာလေးတွေ ရှိပါတယ်။ 
  • အဲနှစ်နေရာလုံးမှာ မိတ်ဆွေ နှစ်သက်ရာ တစ်ခုစီကို ရွေးလိုက်ပေါ့ခင်ဗျာ။
  • ရွေးပြီးပြီဆိုရင်တော့ အောက်ဆုံးမှာရှိတဲ့ Send ကို နှိပ်လိုက်ရုံပါပဲ။
  • Send လိုက်ပြီးပြီ ဆိုပါတော့။
    ဒါဆိုရင် ပြီးပြီလားဆိုတော့ မဟုတ်သေးပါဘူး။ သူ့ရဲ့ Database ထဲမှာ ရှိနေတဲ့ အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးတာတွေကို လုပ်ဦးမှာပါဗျ။ အားလုံးစစ်ဆေးပြီးလို့ ကျွန်တော် အပော်မှာပြောခဲ့သလို တစ်နှစ်အတွင်း အခြားသူတင်ထားတာ မရှိဘူးဆိုရင်တော့ OK လို့ ပြပါလိမ့်မယ်ခင်ဗျ။ (တစ်ယောက်ယောက်က Mirror လုပ်ထားပြီးသား site ကိုတော့ မရဘူးဆိုတာ ပြောထားပြီးသားနော်
    မိတ်ဆွေ hack ခဲ့တဲ့ site က Mirror မှာ မရှိဘူးဆိုရင်တော့ အဆင်ပြေပြီပေါ့ဗျာ။ ဒီတော့ မိတ်ဆွေရဲ့ Mirror Link ကို ယူလို့ ရပြီပေါ့။ ဘယ်လို ယူရမလဲဆိုရင်တော့ Menu မှာ ရှိနေတဲ့ Onhold ဆိုတဲ့ နေရာကို နှိပ်လိုက်ပါဗျ။ အောက်ပါပုံထဲကလို မြင်ရမှာပါ။ 
    ဒီလောက်ဆိုရင်တော့ မိတ်ဆွေအနေနဲ့ Mirror Hacking ဆိုတာ ဘာကိုခေါ်တယ် ဘယ်လို ရယူရမယ် ဆိုတာလေးတွေကို သဘောပေါက်ပြီလို့ ယူဆပါတယ်ဗျနော။ ကျွန်တော်ရေးခဲ့တာတွေ လိုအပ်ချက်ရှိရင်လည်း မည်သူမဆို ဖြည့်စွက်ပေးနိုင်ပါတယ်ခင်ဗျာ .........
    ************************
    Hacking ကို လက်တွေ့ချည်း လေ့လာလိုသူတွေအတွက်  Grade 3 Hacking "Hacking ဒုတိယတန်း" စာအုပ်ကို အားပေးနိုင်ပါပြီဗျ ..........
    100% လိုက်လုပ်နိုင်ပြီး
    90% လက်တွေ့သင်ခန်းစာများ ပါဝင်သည့်
    "Hacking ဒုတိယတန်း" စာအုပ်
    Oယ်ယူရရှိနိုင်ပါပြီ .......................
    Ph. 09 799 535 021 && 09 69 806 4912
     Thanks for visiting.
     Khit Minnyo
    Ref: techills.net
    Zawgyi Version
    What is the MIROR hacking? Learn about this hacking method.
    ***************************
    www.zone-h.org
    @
  • ပြီးရင်တော့ Notify Box မှာပေါ်စေချင်တာကို ရေးဖို့လိုပါမယ်။ 
    ************************
    Oယ်ယူရရှိနိုင်ပါပြီ .......................
     Thanks for visiting.
     Khit Minnyo
    စမ်းကြည့်ခြင်း
    Unicode Version
    (စာမမှန်ရင် အောက်မှာ ဇော်ဂျီ ရှိပါတယ်။)
    (ပေါ်ပင်) Hacker ပိုး ထ ကြသူများအကြောင်း
    (Facebook Account hack နည်း ၅မျိုး ပါလို့ စာရှည်မယ်ဗျ) စ/ဆုံး မဖတ်ရင် ဆိုလိုရင်းကို သဘောမပေါက်နိုင်ပါ
    *****************************
    ဒီအကြောင်းရေးရင် အချို့က ကောင်းကောင်းအမြင်ကပ်နိုင်မှန်း သိပါတယ်။ ဒါပေမယ့် ကြုံတာများနေတာကြောင့်ရယ် တကယ့်ကို အစစ်အမှန် နားလည်နိုင်စေချင်တာရယ်ကြောင့် ဒီ Post လေးကို ရေးမိခြင်းပါ။
    Hacking ကို စိတ်ဝင်စားလို့ပါဆိုပြီး မကြာခဏ လာပြောကြပါတယ်။ ဒါပေမယ့် အများစု (99%) ရဲ့ နောက်ဆုံး လိုရင်းက Facebook Account ကို ဘယ်လို hack မလဲဆိုတာပဲ ဖြစ်ပါတယ်။
    Hacking ကို စိတ်ဝင်စားလို့ပါ။ သင်ပါရစေ လို့ ပြောလာသူတိုင်းကို လက်ခံခဲ့ခြင်းမရှိပါဘူး။
    Hacking ဆိုတာ ဘာလဲ။ Hacking ကို လေ့လာရင် ဘာတွေအကျိုးထူးမလဲ
    ဘယ်လိုလူတွေ လေ့လာသင့်လဲ
    ဘာအလုပ်တွေ လုပ်လို့ရမလဲ ဆိုတာတွေနဲ့ပတ်သက်ပြီး
    မြန်မာလို ရှင်းပြထားတဲ့ ဗီဒီယိုဖိုင်လေးကို
    ဒီ link မှာ ကြည့်ပြီး နားထောင်နိုင်ပါတယ်။
    Zawgyi Version
    *****************************